Wednesday, 12 Dec 2012 13:58
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ဧရာဝတီမြစ် အနောက်ဘက်ကမ်းတွင်ရှိ
သံဘိုကျွန်းတွင် ရွေ့လျားဟိုတယ် တည်ဆောက်လျက်ရှိကြောင်းလည်း သိရသည်။
ထိုသို့ တည်ဆောက်ရာတွင် ရေပေ ၅၀၀ တောင်းရာ သက်ဆိုင်ရာမှ ရေပေ ၁၅၀ သာ
ပေးသောကြောင့် ညှိနှိုင်းဆောင်ရွက်နေဆဲ ဖြစ်ကြောင်းလည်း သိရသည်။ "CB
တွဲတွေပေါ်မှာ တည်ဆောက်နေကြတာပါ။ ဘာမှတော့ အတိအလင်း ပြောလို့မရသေးပါဘူး။
အခုဟာကတော့ မြင်တဲ့အတိုင်း အတော်လေး ပြီးနေပြီ။ ရေပေါ်ဥယျာဉ်နဲ့
ရွေ့လျားဟိုတယ်လို့ ပြောတာပဲ” ဟု သံဘိုကျွန်းနှင့် ဘောဂကြီးဆိပ်ကမ်း
ပြေးဆွဲနေသော သမ္ဗာန်မောင်းသူတစ်ဦးထံမှ သိရသည်။
“အဓိကကတော့ ပုဂံတို့ မင်းကွန်းတို့ သွားမယ့် နိုင်ငံခြားသားတွေအတွက်
ရည်ရွယ်တာပါ။ မြို့ထဲက ဟိုတယ်တွေမှာ တည်းစရာ မလိုတော့ဘူး။ ဒီဟိုတယ်မှာပဲ
တည်းပြီး အလွယ်တကူ အဆင်ပြေစွာ သွားနိုင်အောင်လို့ပါ။ အရင်ကတော့
ပုဂံသွားမယ်ဆိုရင် မြို့ထဲကနေ မနက်အစောကြီး ထလာရတယ်။ ဒီဟိုတယ်ပြီးရင်တော့
မနက်အစောကြီး ထလာစရာ မလိုတော့ဘူး။ ဟိုတယ်ပေါ်ကနေ ဆင်းလိုက်တာနဲ့
ပုဂံသင်္ဘောပေါ်ကို တန်းတက်လိုက်ရုံပဲ” ဟု တည်ဆောက်ရေးနှင့် နီးစပ်သူတစ်ဦးမှ
ပြောသည်။ “ရေပေါ် ရွေ့လျားဟိုတယ်ဆောက်တာ ကောင်းပါတယ်။
ကျွန်တော်တို့အတွက်လည်း အလုပ်အကိုင် အခွင့်အလန်းတွေ ပွင့်လာမယ် ထင်တယ်။
နိုင်ငံတော်အတွက်လည်း နိုင်ငံခြားဘဏ္ဍာငွေ တိုးလာမယ်လို့ မျှော်လင့်ပါတယ်။
အခုမန္တလေးကို နိုင်ငံခြားခရီးသွားတွေ ဒီနှစ်ထဲပိုပြီး ဝင်လာတယ်။ အခုဆို
မန္တလေးမှာ ဟိုတယ်တွေ အပြိုင်ဆောက်နေကြတယ်” ဆိပ်ကမ်းကုန်တင်မှု
ခေါင်းဆောင်တစ်ဦးမှ ပြောသည်။ အဆိုပါ တည်ဆောက်မှုအတွက် သက်ဆိုင်ရာဌာနမှ
တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။
အောင်ကိုဦး
Written by Shade The Mandalay Hill
No comments:
Post a Comment