Wednesday, December 12, 2012

လူနေနိုင်တဲ့ ဂြိုဟ်တွေ့ပြီ

  နာဆာသိပ္ပံပညာရှင်များက ကမ္ဘာအရွယ် ဂြိုဟ် (၅) ခု တွေ့ရှိသောကြောင့် စင်္ကြာဝဠာထဲတွင် လူသားတွေချည်း နေထိုင်တာ မဖြစ်နိုင်တော့ကြောင်း ကြေညာလိုက်သည်။  နာဆာရဲ့ Kepler တယ်လီစကုတ်ကနေ စင်္ကြာဝဠာနဂါးငွေ့တန်းကြီးထဲမှ နေ-ကြယ်များကို ပတ်နေတဲ့ ကမ္ဘာနဲ့ ပုံစံအရွယ်အစားတူ ဂြိုလ် (၅) ခုကို တွေ့ရှိသည်ဟု ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က ကြေညာခဲ့သည်။ ထိုဂြိုဟ်(၅) ခုမှာ ၎င်းတို့ ပတ်နေတဲ့ နေများရဲ့ ခပ်လှမ်းလှမ်း အကွာအဝေးတွင် ရှိသောကြောင့် ရေနှင့် အရည်များ ရှိမှာဖြစ်ပြီး သက်ရှိရှင်သန်နိုင်မည့် ဖုံနယ်နိမိတ် ဖြစ်ကြောင်း ပြောဆိုသည်။ ရေနှင့် အရည်များမှာ သက်ရှိဖွဲ့စည်းဖို့အတွက် အဓိကလိုအပ်ချက်များ ဖြစ်သည်။ နာဆာ (NASA)အာကာသ လေ့လာရေးအဖွဲ့ အုပ်ချုပ်ရေးမှူး Charles Bolden က “ကျွန်တော်တို့ မျိုးဆက်မှာကိုပဲ လျှို့ဝှက်ဆန်းကြယ် စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်ဇာတ်ကားတွေကနေ လက်တွေ့ သက်ရှိတွေရှိမယ့် ဂြိုဟ်တွေကို Kepler တယ်လီစကုတ် ကျေးဇူးကြောင့် ဒီနေ့ စတွေ့ကြရပြီ။ စိတ်ကူးယဉ် ကြည့်တာကနေ တကယ်ဖြစ်လာတာ” ဟု သတင်းဌာနများကို ပြောခဲ့သည်။ ထိုကမ္ဘ့ာဂြိုဟ် ၅ ခု ပတ်နေတဲ့ ကြယ်သဏ္ဍာန် နေမင်းမှာ အလင်း နှစ် ၂၀၀၀ ကျော် သက်တမ်းရှိပြီဖြစ်ကြောင်း Kepler တယ်လီစကုတ် သိပ္ပံပညာရှင်အဖွဲ့က တွက်ချက်ခဲ့သည်။

Kepler တယ်လီစကုတ်မှာ အားအကောင်းဆုံး မှန်ပြောင်းကြီးဖြစ်ပြီး ယခုဂြိုဟ်ပေါင်း ၁၂၀၀ ကျော်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ဖြစ်သည်။ Kepler တယ်လီစကုတ် တာဝန်ခံ William Bourcki က “ကျွန်တော်တို့ နဂါးငွေ့တန်း Galaxy ထဲမှာရှိတဲ့ ကြယ်သဖွယ် နေတွေကို ပတ်နေတဲ့ ဂြိုဟ်တွေဟာ မရေမတွက်နိုင်အောင်ပါပဲ” ဟု ပြောသည်။ Kepler တယ်လီစကုတ်က ဂြိုဟ်တစ်ခုချင်းကို တိုက်ရိုက် မြင်ရတာတော့ မဟုတ်။ ၎င်းတို့ ပတ်နေတဲ့ နေကြယ်ကြီးကိုသာ မြင်ရခြင်းဖြစ်ပြီး နေကြယ်ရဲ့ ပတ်လမ်းကြောင်းများတွင် မှုန်မှုန်မွှားမွှား ရွေ့လျားနေမှုများကိုသာ မြင်ရခြင်း ဖြစ်သည် ၎င်းဂြိုဟ် ၅ ခု ပတ်နေသော နေကြယ်မှာ လူသားတို့ ချစ်မြတ်နိုးတဲ့ နေမင်းကြီးထက် ပိုအေးပြီး အနည်းငယ်သေးသည်ဟု ဆိုသည်။ နာဆာသုတေသန အဖွဲ့က နောက်ထပ်စူးစမ်းမှုများ ဆက်လုပ်နေသည်ဟု ဆိုသည်။ သူတို့ နောက်ထပ်တွေ့ရှိချက်တွေမှာ ထိုဂြိုဟ် ၅ ခုပေါ်တွင် ဘယ်လိုသက်ရှိတွေ နေထိုင်သလဲ၊ ဒုက္ခသည်တွေ ရှိသလား၊ ကြွေးမြီးတွေ ရှိသလား၊ မူဘာရခ်လို သတ္တဝါတွေ ရှိနိုင်သလား။ အလုပ်လက်မဲ့တွေ ရှိသလား၊ ကိုယ့်ကိုယ်ကို မီးရှို့သူရှိလား၊ ဆန္ဒပြသူတွေ ရှိသလား၊ ဆန္ဒပြရင်း အချင်းချင်း ကျောက်ခဲများနဲ့ ပစ်ပေါက်ကြသလား ဆိုတာတော့ စိတ်ဝင်စားဖွယ် ဖြစ်သည်။

By Shade The Mandalay Hill 12 December, 2012 - 16:20

No comments:

Post a Comment