Saturday, October 6, 2012

ဖုန်းများအတွက် အင်တာနက် Bandwidth ကို 5 Gbps အထိ ထပ်မံတိုးချဲ့မည်


Photo


မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများတွင် အင်တာနက်စနစ်ကို အရည်အသွေး ကောင်းမွန်စွာ အသုံးပြုနိုင်ရန် အတွက် အင်တာနက် Bandwidth 5 Gbps အထိ ထပ်မံတိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။  ထိုကဲ့သို့ Bandwidth တိုးချဲ့မှုကို ဂျီအက်စ်အမ် မိုဘိုင်းဖုန်း သန်း ၃၀ စီမံကိန်း၏ ပထမနှစ်အတွင်း အသုံးပြုနိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သိရသည်။ ဂျီအက်စ်အမ် မိုဘိုင်းဖုန်း သန်း ၃၀ ၏ ပထမနှစ်စီမံကိန်း အတွက်လည်း ယခုအခါ အင်တာနက် Bandwidth စုစုပေါင်း 3.72 Gbps အထိ ချိတ်ဆက်ထားပြီး ဖြစ်သောကြောင့် ကျန်ရှိနေသေးသည် 2.015 Gbps ကို SEA-ME-WE3 လမ်းကြောင်းမှ တစ်ဆင့် ချိတ်ဆက်ခဲ့ပြီး ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ထုတ်ပြန်ချက်များအရ သိရသည်။ ထို့ပြင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းဖုန်းများ အင်တာနက်သုံးစွဲမှု အဆင်ပြေစေရန် အတွက်လည်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးသုံးမြို့တွင် Mobile Switching Centre များနှင့် ချိတ်ဆက်နိုင်မည့် Mobile Data Pop သုံးခုကိုလည်း အသစ် တည်ဆောက်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

ရှိန်းဝင်းထိုက်

No comments:

Post a Comment