မကြာမီ မုန်တိုင်းငယ်တစ်ခုအဖြစ်ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ မုန်တိုင်းငယ်ဟာ မြောက်-အရှေ့ယွန်ယွန်းကို ရွေ့ လျှားပြီး ဒီကနေ့မွန်းတည့်မှ နောက် (၂၄)နာရီမှ(၃၆)နာရီအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်အနီးမှ ကုန်းတွင်းပိုင်း ကို ဖြတ်ကျော် ၀င်ရောက်နိုင် တယ်လို့ ခန့်မှန်းရပါတယ်။ မုန်တိုင်းငယ်ကမ်းခြေကိုဖြတ်ကျော်စဉ်အတွင်း လေတိုက်ခတ်မှုဟာ တစ်နာရီမိုင် (၄၀)မှ(၅၀)အထိသာ တိုက်ခတ်နိုင်တဲ့အတွက် မုန်တိုင်းဒီရေ တက်ခြင်း မရှိနိုင်ပါ။
သို့ရာတွင် ပင်လယ်ပြင်တွင်မူ မကြာခဏ မိုးသက်လေပြင်းများ ကျရောက် နိုင်ပြီး ရေပြင်မြေပြင်လေဟာ တစ်နာရီ(၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။ လှို်င်းကြီးနိုင်ပြီး လှိုင်းအမြင့် (၈ ပေမှ ၁၀ ပေ)ခန့်အထိ ရှိနိုင်ပါတယ်။ မုန်တိုင်းရဲ့အရှိန်ကြောင့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း တို့မှာ နေရာအနှံ့အပြားမိုးရွာနိုင်ပြီး၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။
U Tun Lwin / weather
No comments:
Post a Comment