ဘင်္ဂလားဒေ့ရှ်မှာ
မိုဘိုင်းဖုန်းသုံးစွဲသူ ၉၅ သန်းကျော် ပြီလို့ လတ်တလောသတင်းများက
ဆိုပါတယ်။ ပြီးခဲ့တဲ့ တစ်လတာ အတွင်းမှာ ဖုန်းသုံးစွဲသူ တစ်သန်း
တိုးတက်လာတယ်တဲ့။ ဘင်္ဂလားဒေ့ရှ် ဆက်သွယ်ရေးအုပ်ချုပ်မှု ကော်မရှင်က
ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ တရားဝင်စာရင်းများအရပါ။ ၂ဝ၁၂ ဇူလိုင်လကုန်မှာ
လူဦး ရေ ၁၅၃ သန်းရှိတဲ့အနက် ၉၄.၇၁၄ သန်းက မိုဘိုင်းဖုန်း သုံးစွဲခဲ့
ကြပါတယ်။ မိုဘိုင်းကုမ္ပဏီကြီးတွေအနက် ဂရမ်မင်းဖုန်း၊ ဘန်ဂလာလင့်၊ ရိုဘီ၊
အဲယားတယ်၊ စီတီဆဲလား၊ တယ်လီတော့တို့က ကြီးစိုးထားပါတယ်။ ၃၉.၈ဝ၃ သန်း၊
၂၅.၇၄၃ သန်း၊ ၂ဝ.၁၄၄ သန်း၊ ၆.၇၈၄ သန်း၊ ၁.၆၈ သန်းနဲ့ ၁.၃၆၇ သန်း အသီးသီး
ဝေစု ရရှိထားကြပါတယ်။ ဘင်္ဂလားဒေ့ရှ် ဆဲလ်ဖုန်း ကုမ္ပဏီကြီးတွေက ၂ဝ၁၁ မှာ
ဖုန်းလိုင်းသစ် ၁၇ သန်း နီးပါး ရောင်းချခဲ့ကြတယ်။ မနှစ်က ဒီဇင်ဘာလကုန် မှာ
၈၅.၄၆ သန်းရှိခဲ့တယ်။
http://www.zaygwet.com
|
Sunday, October 7, 2012
ဘင်္ဂလားဒေ့ရှ် မှာ မိုဘိုင်းဖုန်းသုံးစွဲသူ ၉၅ သန်းကျော်ပြီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment