Saturday, October 6, 2012

သီရိလင်္ကာနိုင်ငံမှာ ကျောက်ကပ်ရောဂါ ဖြစ်ပွားမှု အခြေအနေကို စိုးရိမ်ပူပန်နေရ


Photo
  သုတေသန ပညာရှင်များက ခေတ်မီစိုက်ပျိုးရေး နယ်ပါယ်မှာ ဓာတုဆေးဝါးများ  အသုံးပြုမှုတွေနဲ့ ဆက်နွယ်နေတဲ့ ကုသလို့မလွယ်တဲ့ ကျောက်ကပ်ရောဂါ ဝေဒနာကို သီရိလင်္ကာပြည်သူ ထောင်ပေါင်းများစွာ ခံစားနေရတယ်ဆိုတဲ့ ပြောဆိုချက်ကို အောက်တိုဘာလ ၄ ရက် ကြာသာပတေးနေ့က အယ်ဂျာဇီးယား သတင်းမှာ ဖေါ်ပြထားပါတယ်။ အခြားသော ကျောက်ကပ်ရောဂါများနဲ့ မတူတမူကွဲပြားပြီး ဖြစ်ရတဲ့ အကြောင်းအရင်းကိုလည်း မသိရသေးတဲ့ နာတာရှည် ကျောက်ကပ် ပျက်ယွင်းမှုရောဂါကို ဆေးဖက်ဆိုင်ရာ အသိုင်းအဝိုင်း တစ်ခုလုံးအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ကတော့ သီရိလင်္ကာ နိုင်ငံတစ်ဝှမ်းမှာ သီးနှံဖျက်ပိုး မွှားနှိမ်နင်းရာ၌ ပိုးသတ်ဆေးများနဲ့ ဓာတု ဓာတ်မြသြဇာများ အလွန်အကျွံ သုံးစွဲနေမှုတွေကို ထိန်းချုပ်ဖို့ တိုက်တွန်း တောင်းဆိုထားတယ်လို့ ဖေါ်ပြထားပါတယ်။

ရတနာပုံဘာသာပြန်သတင်း
Ref: အယ်ဂျာဇီးယား

No comments:

Post a Comment