Saturday, October 6, 2012

ဒုတိယမြောက် ၀က်ဘ်ပေါ်တယ် စတင်လွှင့်တင်


Photo


မြန်မာနိုင်ငံ၏ ဒုတိယမြောက် Web Portal တစ်ခုဖြစ်သည့် မြ၀တီဝက်ဘ်ပေါ်တယ် (www.myawady.net.mm)ကို သြဂုတ် ၃၁ ရက်တွင် စတင်လွှင့်တင်လိုက်သည်။
မြ၀တီဝက်ဘ်ပေါ်တယ်တွင် ပြည်တွင်း၊ ပြည်ပမှ သတင်းများ၊ အားကစား၊ အနုပညာ၊ စီးပွားရေး၊ နည်းပညာ၊ ကျန်းမာရေး စသည့် သတင်းများအပြင် ဆောင်းပါးများ၊ အခန်းဆက်ဝတ္ထုရှည်များ၊ ခရီးသွားလမ်းညွှန်၊ ဈေးဝယ်လမ်းညွှန်တို့အပြင် ရုပ်မြင်သံကြား အစီအစဉ်များကိုပါ ကြည့်ရှုနိုင်ကြောင်း ယင်းပေါ်တယ်၏ စာမျက်နှာများပေါ်၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ပထမဦးဆုံး ၀က်ဘ်ပေါ်တယ်မှာ လွန်ခဲ့သည့် ၂ နှစ်က ရတနာပုံတယ်လီပို့ကုမ္ပဏီမှ လွှင့်တင်သည့် ရတနာပုံဝက်ဘ်ပေါ်တယ် ဖြစ်သည်။ သို့သော် အခုချိန်ထိ အောင်မြင်မှု မရရှိသေးကြောင်း အင်တာနက်သုံးစွဲသူများက ပြောသည်။

ခိုင်ချို
by-7daynews 

No comments:

Post a Comment