ဈေးကွက်အတွင်း
ရောင်းချနေသည့် အချဉ်ရည် များတွင် စားသုံးသူများအတွက်
အန္တရာယ်ရှိသည့် တားမြစ် ဆိုးဆေးများ၊ တာရှည်ခံရန် အသုံးပြုထားသည့် ဓာတု
ပစ္စည်းများ၊ စားသုံးရန်မသင့်သည့် ဆာလဖျူရစ် အက်ဆစ်ပြင်းများ ထည့် သွင်း
အသုံးပြုထား သည်ကို ဓာတ်ခွဲ တွေ့ရှိရကြောင်း စားသုံးသူ ကာကွယ်ရေး အသင်း မှ
သတင်းရရှိသည်။ UMFCCI ရှိ ကုန်ထုတ်လုပ်သူများ အစား အသောက် ဖွံ့ဖြိုး တိုး
တက်ရေး ဓာတ်ခွဲခန်းတွင် စစ်ဆေးထားခြင်းဖြစ်ပြီး အချဉ်ရည်ထုပ်များတွင်
ထုတ်လုပ်သည့် ရက်စွဲ၊ ကုန်ဆုံးသည့် ရက်စွဲ၊ ကုန်ပစ္စည်း အတွင်း ပါဝင်သည့်
ပစ္စည်းများ အချိုးအဆများ၊FDA၏ ခွင့်ပြုချက် စသည့်ဖော်ပြချက်မှစ၍ နေရပ်
လိပ်စာများပင် မပါရှိကြောင်း စားသုံးသူ ကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်
ကပြောသည်။
"လိပ်စာတောင် မပါဘူးဆိုတော့ ဘယ်လိုမှကို ယုံကြည်လို့မရနိုင်တော့ဘူးလေ"
ဟု ဦးဗအုပ်ခိုင်က ဆက်လက်ပြောသည်။ အစိုးရမဟုတ်သည့် အဖွဲ့အစည်း ဖြစ်သည့်အတွက်
ဌာနဆိုင်ရာကို တင်ပြခြင်းမျိုး ဆောင်ရွက်ရမည် မဟုတ်သော် လည်း သက်ဆိုင်ရာ
တာဝန်ရှိသူများမှ ဝင်ရောက် စစ်ဆေး အရေးယူခြင်း များ အပြင် ရောင်းချသူ
စားသုံးသူတွေကလည်း မည်သည့်ကုန်ပစ္စည်းများ ပါဝင်နေ မှန်း မသိသည့်
စားသောက်ကုန်များ အား ရှောင်ကြဉ် သင့်ကြောင်း ဦးဗအုပ်ခိုင် ကပြောသည်။
"အမှန်ကအဲ့လို စစ်ဆေးတွေ့ရှိတယ်ဆိုရင FDA ကိုပို့ပေးရမယ။် ဒါတွေက
စားသုံးရန် မသင့်တဲ့ပစ္စည်းတွေ ပါနေတယ်ဆိုရင် ဝန်ကြီးဌာနကို
အကြောင်းကြားပြီး စားသုံးရန် မသင့်ဘူးဆိုပြီး တရားဝင် ကြေညာအရေးယူ
တာတွေလုပ်မှ လူတွေအားလုံးသိမှာဟု" အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန
ညွှန်ကြားရေးမှူး ဒေါက်တာဇော်ဝင်းကပြောသည်။
အချဉ်ဓာတ်ရရှိရန်အတွက် ထည့်သွင်းအသုံးပြုသည့် ရှာလကာရည်အစား
အက်ဆစ်ပြင်းများအားး ထည့်သွင်းသုံးစွဲထားခြင်းနှင့်
တားမြစ်ဆိုးဆေးများကြောင့် စားသုံးသူများတွင် ၀မ်းကိုက်၊ ဝမ်းပျက၊်
ဝမ်းလျှောရောဂါ ၊အစာအိမ်ရောင်ရမ်းခြင်း၊ အူရောင်ခြင်း၊ အသည်းရောင်ရမ်းခြင်း
ဝေဒနာများအပြင် ရေရှည်တွင် အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊၊
အသည်းကင်ဆာများအထိ ဖြစ်ပွားလာနိုင်ကြောင်း သိရသည်။ အချဉ်ရည်သည် လူထုအတွင်း
အမျိုးမျိုးအသုံးများ သည့် ကုန်ပစ္စည်းဖြစ်သည့်အပြင် ဈေးကွက် အတွင်းတွင်
ဖော်ပြချက်မပါဘဲ ရောင်းချနေသည့် ပစ္စည်းဖြစ်သည့်အတွက် စားသုံးသူ
ကာကွယ်ရေးအသင်းမှ ပထမဆုံးအကြိမ် ဓာတ်ခွဲစမ်းသပ်သည့် ကုန်ပစ္စည်းဖြစ်ပြီး
မကြာခင်ရက်ပိုင်းအတွင်း သဘာဝအတိုင်းမဟုတ်ဘဲ ဈေးကွက်အတွင်း
အရောင်ချွတ်ဆေးများ အသုံးပြု၍ ဖြူဖွေးအောင် ပြုလုပ်ထားသည့်
အိမ်သုံးဆားများကိုလည်း အန္တရာယ် ရှိ၊မရှိစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
ဝတ်ရည်အောင်
11 October 2012 |
By 7Day News
No comments:
Post a Comment