တစ်ခါက ဂျပန်ရှိ အလှကုန်ဆိုင် ကုမ္ပဏီတစ်ခုတွင် ဖြစ်သည်။ ကုမ္ပဏီထုတ် မျက်နှာသစ်ဆပ်ပြာတွင် တစ်ချို့ဘူးမှာ ဆပ်ပြာမပါဘဲ အခွံချည်းသာပါကြောင်း ၀ယ်ယူသုံးစွဲသူများက တိုင်တန်းကြသည်။ ကုမ္ပဏီရှိ တာဝန်ခံ လူများက ပစ္စည်းထုတ်ပိုးသည့် နေရာတွင် တစ်ခုခု လွဲချော်နေပြီဖြစ်ကြောင်း သတိထားမိကြသည်။ သို့နှင့် အင်ဂျင်နီယာများက စည်းဝေးတိုင်ပင်ကြပြီး x-rayဖြင့် ဖောက်ထွင်းမြင်နိုင်သော စက်ကို ၀ယ်ယူ အသုံးပြုကြသည်။ ထုတ်ပိုးစက်မှ ထွက်လာသောဘူးများကို တစ်ခုချင်းစီ x-ray စက်ကို အရင်ဖြတ်စေပြီး အခွံချည်း မဖြစ်အောင် သေချာစစ်ဆေးမှု ပြုကြသည်။
တူညီသော အဖြစ်အပျက် မတူညီသော ကုမ္ပဏီတစ်ခုတွင် ဖြစ်ပွားခဲ့သည်။ သို့သော် ၄င်းကုမ္ပဏီ၏ ဖြေရှင်းပုံမှာ ဈေးကြီးပေးဝယ်ရသော x-ray စက်အစား ဈေးပေါပေါနှင့်ရသော ပန်ကာစက်ကြီးများကို ၀ယ်ယူ အသုံးပြုခဲ့သည်။ ဆပ်ပြာခွက်များကို ပန်ကာဖြင့်မှုတ်စေပြီး လေနှင့်အတူ လွှင့်ထွက်သွားသော ဘူးခွံများမှာ ဆပ်ပြာ မပါသောကြောင့် ဖြစ်သည်။ လွယ်ကူပြီး ဈေးနူန်း ချိုသာသောနည်းဖြစ်သည်။
၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉ ၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉
အမေရိကန်ရှိ NASA ရုံးချုပ်တွင် ဖြစ်သည်။ အအေးဓာတ် ပိုပြီး ဆွဲငင်အားနည်းသော အာကာသထဲတွင် လူများ စာရေးရာတွင် အသုံးပြုမည့် ဘောလ်ပင်များမှာ မင်မထွက်ဘဲ အခက်ကြုံနေရသည်။ သိပံ္ပပညာရှင်များက အအေးဓာတ်များပြီး ဆွဲငင်အားမရှိသော နေရာတွင် စာရေးနိုင်ရန် ဘောလ်ပင်များကို ထွင်ခဲ့ကြသော်လည်း အရာမရောက်ခဲ့ပေ။
တူညီသော အဖြစ်အပျက် မတူညီသော နေရာတွင် ဖြစ်ပွားခဲ့သည်။ ရုရှားရှိ အာကာသ ရုံးချုပ်တွင်လည်း ထိုနည်းတူ ပြဿနာကို ကြုံခဲ့ရသည်။ ရုရှား သိပံ္ပပညာရှင်များ ဘယ်နည်းကို အသုံးပြုကြမယ် ထင်ပါသလဲ။ ဘောလ်ပင်အစား ခဲတံကို ပြောင်းသုံးကြခြင်းဖြစ်သည်။
ဒီစာတွေကို ဖတ်ပြီး ဘယ်လိုအတွေးများ ရပါသလဲ။
“problem” နှင့် “solution” ကို ဖြေရှင်းကြသော မတူညီသော ကွာဟချက်ကို ဤစာထဲတွင် တွေ့နိုင်သည်။ တစ်ခါတရံ ကျွန်တော်တို့၏ လုပ်ငန်းခွင်တွင် ထိုနည်းတူ ပြဿနာများကို ကြုံဖူးကြရမည် ဖြစ်သည်။
“work hard ”တိုင်း အကျိုးမရှိနိုင်သလို တခါတရံ “work smart” ရန်လည်းလိုအပ်သည်။
by- 99sanay
No comments:
Post a Comment