
လိုင်စင်မဲ့
ဆိုင်ကယ်များ တရားဝင် မှတ်ပုံတင် ခြင်းကို ၄လ သတ်မှတ် ပေးခဲ့သော်လည်း
ယခုအချိန်တစ်လ ထပ်မံ တိုးမြှင့်ပေးမည် ဟု ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း
သိရသည်။ တရားဝင် လိုင်စင် ကို၂၀၁၂ခုနှစ် ဇွန် ၄ရက်နေ့ မှ စတင်
ပြုလုပ်ပေးခဲ့ ရာ အောက်တိုဘာ ၄ရက်နေ့ တွင် ၄လပြည့်သွားပြီဖြစ် ၍
နောက်ဆုံးအနေဖြင့် စီမံချက်ကာလ ၁လထပ်တိုးပေးခြင်းဖြစ်ကြောင်း သိရသည်။ ၄လ
အတွင်း မော်တော်ဆိုင်ကယ် အစီးရေ ၈၉၀၀၀၀ကျော် တရားဝင် မှတ်ပုံတင်
ပြုလုပ်ပေးခဲ့ကြောင်း၊ လိုင်စင်မဲ့ ဆိုင်ကယ်များ တရားဝင်
မှတ်ပုံတင်ခြင်းကို ၁၉၉၇ မှ၂၀၁၂ အထိ ခုနှစ်ကြိမ်ပြုလုပ်ပေး ခဲ့ပြီး
ဖြစ်ကြောင်း အဆိုပါကြေညာချက် မှသိရသည်။
- 05 October 2012 |
-
By Popular News
No comments:
Post a Comment