Friday, October 12, 2012

မန္တလေးတွင် သံဃာတော်အပါး(၃၀၀၀) ဆန္ဒဖော်ထုတ်

မြန်မာနိုင်ငံတွင် OIC ရုံးခန်းဖွင့်လှစ်မည်ကို ကန့်ကွက်သည့်အနေနှင့် သံဃာတော် အပါး(၃၀၀၀)က ဆန္ဒထုတ်ဖေါ်ခြင်းကို ယနေ့ မွန်းလွဲပိုင်း က မန္တလေးမြို့ တွင်ပြု လုပ်ခဲ့ကြသည်။ သံဃာတော်များသည် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ဦးပွား ကုန်းကျော် တံတားအနီးရှိ ဦးပွားဆုတောင်း ပြည့်ဘုရားမှ မွန်းလွဲ ၁၂း၃၀ တွင် စတင် ထွက်ခွာခဲ့ပြီး နောက် အနောက်ဘက်ရှိ စစ်ကိုင်း မန္တလေး လမ်း(၈၄)လမ်းမှ ၇၈လမ်းသို့ ကြွချီခဲ့ကြသည်။ ထိုမှတစ်ဆင့် မူလစုရပ် ဦးပွား ဆုတောင်းပြည့် ဘုရားသို့ ပြန်ဝင်မည်ဖြစ်သည်။ မန္တလေးမြို့ လေးပြင်လေးရပ်ရှိ သံဃသမဂ်ဂီ အဖွဲ့လက်အောက်မှ ရွှေဝါရောင်ငါးနှစ်ပြည့် နှစ်ပတ်လည်ဖြစ်မြောက်ရေး ကော်မ တီက ဦးဆောင် ကျင်းပခြင်း ဖြစ်သည်။ ဆန္ဒထုတ်ဖေါ်ရာတွင် OIC အလိုမရှိ၊ ရိုဟင်ဂျာ ဘေးကာကွယ်ရေး OIC ကိုတိုက်ဖျက်ပေး၊ အစရှိသည့်စာ သားများ ကိုင်ဆောင်ဆန္ဒထုတ်ဖေါ်ထုတ်ကြသည်။ 12 October 2012  | By 7Day News

No comments:

Post a Comment