Friday, October 12, 2012

အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသော ဆိုတေးနှင့် နိုင်ဇော်၏ ကောလဟာလ ဖြေရှင်း

တေးသံရှင်ဆိုတေး၏ မီးအိမ်ရှင်စီးရီးတွင်ပါဝင်သော ဖက်တီးမ သီချင်း MTV ရိုက်ကူးရာတွင် ဆိုတေးနှင့် Lazy Club တီးဝိုင်း အဖွဲ့သားများသည် ပုဂံဘုရား ရင်ပြင်တော်ပေါ်တွင် ဖိနပ်စီး၍ သီချင်းဆိုကာ ဗုဒ္ဓဘာသာအား မထီမဲ့မြင် စော်ကားမှုပြုသည်ဟူသော ကိစ္စနှင့် ပတ်သက်၍ ထိုကိစ္စမှာ မလိုသူများ၏ ကောလဟာလ ဖြန့်မှု သက်သက်သာဖြစ်ပြီး မိမိတို့ အားလုံးမှာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ ဖြစ်ပြီး ထို MTV ရိုက်ကူးသောနေရာမှာ လည်း ပုဂံတွင် မဟုတ်ဘဲ မြောက်ဥက္ကလာမြို့နယ် အတွင်းရှိ တည်ဆောက်ဆဲ ဘုရားကျောင်း တစ်ခုအနီးတွင် ရိုက်ကူးထားခြင်းဖြစ်ပြီး ထိုနေရာမှာလည်း ဖိနပ်စီးခွင့် ပြုထား သောနေရာ ဖြစ်သည်ဟု အောက်တိုဘာ ၁၁ ရက်နေ့တွင် ပြုလုပ်သည့် စာနယ်ဇင်း ရှင်းလင်းပွဲတွင် ဆိုတေးနှင့် နိုင်ဇော် တို့မှပြောသည်။
12 October 2012  | By Popular News

No comments:

Post a Comment